iBiz Service Provider Company ကို ၂၀၀၉ ခုနှစ်တွင် စတင်ပြီး ပြည်တွင်းပြည်ပ အတွေ့အကြုံရှိလူငယ်များနှင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ တည်ထောင်ခဲ့သည့်အချိန်မှစ၍ ယနေ့အထိ Customer များ၏ စိတ်တိုင်းကျ Website များရေးဆွဲပေးခြင်း၊ Web & Mobile Application များရေးပေးခြင်း၊ Window Software များရေးပေးခြင်း Digital Marketing Service စသည်တို့ကို ၀န်ဆောင်မှုပေးလျှက်ရှိသော မြန်မာနိုင်ငံမှ IT company တခုဖြစ်ပါသည်။
၂၀၁၀ ခုနှစ်တွင် iBiz Service Provider အနေဖြင့် မြန်မာနိုင်ငံမှ သတင်းများ၊ ပစ္စည်းကြော်ငြာများ တစုတစည်းနှင့် လျှင်မြန်စွာသိရှိနိုင်ရန်အတွက်ရည်ရွယ်၍ myanmarevents အမည်ရှိ Information Web Portal တခုအား ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
၂၀၁၁ တွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်း အမျိုးမျိုးအား မြန်မာပြည်တွင်းသာမက ကမ္ဘာမှပါ သိရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာလုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ မြန်မာနိုင်ငံ၏ ပထမဆုံး အွန်လိုင်းကုန်စည်ပြပွဲကြီးကို ၂ ကြိမ်တိုင်တိုင်ပြုလုပ်ပေးခဲ့ပါသည်။ ထိုအတွေ့အကြုံများနှင့် customer များ၏လိုအပ်ချက်များ အပေါ်မှုတည်၍ မြန်မာနိုင်ငံတွင် အွန်လိုင်းမှ ဈေးဝယ်မှုပြုနိုင်ရန် အိုမြန်မာအွန်လိုင်းရှော့ပင်းမော [www.omyanmar.com] ကို စတင်ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၆ တွင် မြန်မာနိုင်ငံ၏ အင်တာနက် သုံးစွဲသူ ပိုမိုများပြားလာခြင်း၊ အင်တာနက်ကို မိုဘိုင်းပေါ်တွင် တွင်ကျယ်စွာအသုံးပြုလာခြင်းတို့ကြောင့် အိုမြန်မာအွန်လိုင်းရှော့ပင်းမော [www.omyanmar.com] ကို တဖန်ပြန်လည် အဆင့်မြှင့်တင်ပြီး ဖွင့်လှစ်လိုက်ပါသည်။
iBiz Company သည် တည်ထောင်ခဲ့သည့်ကာလမှ ယနေ့အချိန်ထိ Customer များ၏ စိတ်တိုင်းကျ လုပ်ငန်းမျိုးစုံကို ဝန်ဆောင်မှုပုံစံ အမျိုးမျိုးဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးလျှက်ရှိပါသည်။